မြောင်းမြမြို့နယ်တွင် ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်ရှိ သူနာပြုသင်တန်းကျောင်း၌ ငလျင်အန္တရာယ် ကျရောက်လာပါက ပြုလုပ်ရမည့် အချက်များ၊ ရှောင်ရှားရမည့်အချက်များ သိရှိနိုင်ရန် အတွက် ယ‌မန်နေ့ နံနက် ၉ နာရီအချိန်က ငလျင်ဘေးသဏ္ဍာန်တူ အသိ ပညာပေး ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဗိုလ်မှူးချုပ်ကျော်ကျော်ဦးနှင့် တာဝန်ရှိသူများ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးစာသင်ကျောင်းများ ပြန်လည်ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေး၊ ပျက်စီးမှုစာရင်း အား အတည်ပြုခြင်းနှင့် သွပ်ပြားများ ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်သို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော တပ်မတော်(ရေ)ဗိုလ်မှူးချုပ် ကျော်ကျော်ဦးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့နံနက်၉နာရီခွဲက မိုခါမုန်တိုင်းကြောင့် အမိုးများ ပျက်စီးခဲ့သော ခအုန်းမော် ကျေးရွာအုပ်စု အ-လ-က ကျောင်း ပြုပြင်ဆဲ အခြေအနေနှင့် အ-ထ-က(ခွဲ)စျေးတန်း မျက်နှာကျက်များ ပြုပြင်ပြီးစီးမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ဟုမ္မလင်းမြို့ပေါ်၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် ကုန်ဆုံဆိုင်များ ကွင်းဆင်း စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ ပေါ်ရပ်ကွက်များ၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များအား ကျန်းမာရေးနှင့် အညီ သန်းရှင်းသပ်ရပ်စွာ ချက်ပြုတ် ရောင်းချမှု ရှိ/မရှိ၊ ကုန်ဆုံဆိုင်များအတွင်း သုံးရန်မသင့်သည့် သက်တမ်းလွန် အစားအသောက်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို မေလ (၂၄)ရက်နေ့ နံနက် (၉)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုံးဆီများကို ပုဏ္ဏားကျွန်းမြို့ရှိ မုန်တိုင်းသင့်ပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချ

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ မုန်တိုင်းဒဏ် သင့်ဒေသခံပြည်သူများ၏ စားသောက်ရေးအဆင်ပြေစေရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ယမန်နေ့၊ ညနေပိုင်းက ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်၊ ရွာသာယာအစုတွင် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။

ကျောက်တော်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးကိစ္စများကို ဆောင်ရွက်နိုင်ရး ဗိုလ်မှူးချုပ်အောင်သူဦး မြို့နယ်တွင်း ထိခိုက်ပျက်စီးမှုများ ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊‌ ကျောက်တော်မြို့နယ်တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်အောင်သူဦး  ဦးဆောင်သောအဖွဲ့ဝင်များသည် မြို့နယ်အတွင်း ထိခိုက်ပျက်စီးခဲ့သည့် နေရာများသို့ ယမန်နေ့နံနက်ပိုင်းက သွားရောက်၍ ကွင်းဆင်းကြည့်ရှုစစ်‌ဆေးခဲ့ကြသည်။

မြောက်ဦးမြို့နယ်အတွင်း မုန်တိုင်းသင့်ကျေးရွာများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးထောက်ပံ့ ပစ္စည်းများ လက်ဝယ်အရောက် ပေးအပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် မုန်တိုင်းသင့်ကျေးရွာများမှ အိမ်ထောင်စုများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို  ယမန်နေ့ ညနေ ၄ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးဟောင်း၊ အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၃-၅-၂၀၂၃ရက်နေ့ နံနက်ပိုင်းမှစ၍ ကျောင်းသား/ ကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေအခက်အခဲဖြစ်နေသည့် ပြည်သူများအတွက် မြို့နယ်ကျေးလက်​ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနက သန့်ရှင်းသော သောက်သုံးရေရရှိရေး ဖြန့်ဝေဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တေခွရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေအခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ်ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယနေ့နံနက်ပိုင်းက ရေသန့်စင်ကားဖြင့်သန့်ရှင်းသောသောက်သုံးရေများကို ရသေ့တောင်မြို့နယ် ခနောင်းကြီးကျေးရွာအုပ်စုမှ ခနောင်းကြီး ကျေးရွာနှင့်ရွာသစ်ကေကျေးရွာများရှိ ဒေသခံပြည်သူများအားရေသန့်များအားဖြန့်ဝေပေးခဲ့သည်။

ဆရာတော်၊သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် သီတင်းသုံးနေထိုင်တော်မူကြသော ဆရာတော်၊ သံဃာတော်များ၊ ရှင်သာမ‌ဏေများနှင့် သီလရှင်များ ဆွမ်းကိစ္စ ခက်ခဲပင်ပန်းမှုမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်း
Subscribe to