သံတောင်ကြီးမြို့အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသူကျောင်းသားများ စိတ်အေး ချမ်းသာစွာ ပညာသင်ကြားနိုင်ရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်း သာယာလှပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌဦးဆန်းဗိုလ်၏ ဦးဆောင်မှု ဖြင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဘာသာရေးအသင်းအဖွဲ့များမှဆရာတော်များ၊ ပရဟိတအဖွဲ့ များပူပေါင်း၍ ယနေ့နံနက်ပိုင်းတွင် သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။