ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာ၌ တောင်သူပညာပေးဆွေးနွေးပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့၊ နံနက် ၁၁ နာရီမှ ညနေ ၄ နာရီအထိ၊ ပဒေသာကျေးရွာ စိုက်ပျိုးရေးစခန်းတွင် ကျင်းပခဲ့သည်။

မိုင်းခုတ်မြို့၊ မြို့မတပ်ဦးကျောင်းရှိ အောင်သိဒ္ဓိစေတီတော်မြတ်ကြီးအား ရွှေထီးတော် တင်လှူ ပူဇော်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ မြို့မတပ်ဦးကျောင်းရှိ အောင်သိဒ္ဓိစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီက အဆိုပါကျောင်းတိုက် ဓမ္မာရုံ၌ကျင်းပပြုလုပ်ရာ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ  မောင်မင်းစိုး ရေးသားသော “လူငယ်နဲ့ အပြောင်းအလဲ” စာအုပ် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီခွဲက မြို့နယ် ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် မီးဘေးအန္တရာယ် ဖြစ်ပွားပေါ်ပေါက် လာပါက အချိန်မီ ငြှိမ်းသတ်နိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများကို ယမန်နေ့ ညနေ (၂)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးအတွင်းတွင် ဆောင်ရွက်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စျေးကော်မတီဝင်များ တက်ရောက်ခဲ့သည်။

ဖျာပုံမြို့၊ မြို့မစျေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အမှတ် (၂)ရပ်ကွက်ရှိ၊ မြို့မစျေးကြီးတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ခရိုင်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မြို့မစျေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ရာတွင် မီးသတ်ယာဉ်များ၊ စျေးအရန် မီးသတ်တပ်ဖွဲ့ပိုင် စက်များဖြင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ခြင်းများကို ယမန်နေ့နေ့လယ်ပိုင်း အချိန်က အဆိုပါစျေးကြီးတွင် ဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်ကြသည်။

မောက်မယ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ဒေသခံတိုင်းရင်းသားလူငယ်လူရွယ်များ ကျောင်းသားလူငယ်များနှင့် ပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ရရှိစေရန်၊ စာအုပ်စာပေချစ်မြတ်နိုးသူများ တိုးပွားလာစေရန် စာရေးဆရာ ဒေါက်တာမြင့်သန်း(ညောင်လေးပင်)၏ “မင်္ဂလာပါခင်ဗျာနှင့်အတွေးရသစာစုများ” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်၁၀နာရီက စာပေချစ်သူများ အသင်းနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ရုံးသုံးရက်ဆက်ပိတ်ခြင်းနှင့်အတူ ဘုရားဖူး လာရောက်သူများပြား တစ်ရက်လျှင် ဘုရားဖူးတစ်သောင်းခန့် ဝင်ရောက်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ရုံးသုံးရက်ဆက် ပိတ်ခြင်းနှင့်အတူ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်လျက်ရှိရာ ဘုရားလာရောက်သူ များပြားလျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)တာဝန်ရှိသူများထံက သိရသည်။

တန့်ယန်းမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး စတင်ထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသက် (၉)နှစ်မှ (၁၀)နှစ်အတွင်း ကျောင်းနေအရွယ် အမျိုးသမီးငယ်များကို ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာ  ကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းအား အောက်တိုဘာလ ၂၁ ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိသည်။

ဆောင်းသီးနှံ လယ်သီးထပ် နေကြာစိုက်ပျိုးမည့် တောင်သူများအတွက် ဆိုလာစနစ်ဖြင့် ရေရရှိရေး ဆောင်ရွက်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် နတလနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရေရရှိရန်ခက်ခဲ့သည့် ဆောင်းသီးနှံ လယ်သီးထပ် နေကြာစိုက်ပျိုးမည့် တောင်သူများအတွက် ဆိုလာစနစ်ဖြင့် ရေရရှိရေးအတွက် အကောင်အထည် ဖော်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစီးမင်းအောင်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိုးနိုင်တို့က ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။

မိုင်းရယ်မြို့နယ်၌ မိုးစပါး စံပြကွက်ရိတ်သိမ်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါး တစ်ဧက တင်း(၁၀၀) အထွက်နှုန်းရရှိရေး (၁၀)ဧက စံပြကွက် ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီက နောင်မို ကျေးရွာအုပ်စု၊ ဦးပိုင်အမှတ်(၇)၊ ကွင်းအမှတ်(၁၁)၌ ပြုလုပ်သည်။
Subscribe to