မန္တလေးမြို့တွင် တရားရုံးသတင်းအချက်အလက် ရယူမှုဆိုင်ရာ နားလည်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံမှ သတင်းသမားများအနေဖြင့် တရားရုံး သတင်းမီဒီယာလက်စွဲအပေါ် သိရှိနားလည် ပြီး တရားရုံးများတွင် သတင်းရယူမှု တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ တရားရုံး သတင်း အချက်အလက်ရယူမှုဆိုင်ရာ နားလည်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးမြို့ရှိ ဆာကူယာဟိုတယ်တွင် ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။

တွံတေးမြို့နယ်၌ စွမ်းအားမြှင့်မီးဖိုများ ကျေးရွာအရောက် အခမဲ့ဖြန့်ဖြူးခြင်းဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ ကရင်ချောင်းကျေးရွာအုပ်စု၊ ကရင်ချောင်းကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ ရာသီဥတုပြောင်းလဲမှုဗဟိုဌာနတို့ ပူးပေါင်း၍ သစ်တောပြုန်းတီးမှု ကာကွယ်ရေး၊ ထင်းသုံးစွဲမှု လျှော့ချရေး၊ ကာဗွန်ထုတ်လုပ်မှု လျှော့ချရေး ရည်ရွယ်၍ စွမ်းအားမြှင့် မီးဖိုများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီက ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မရုံ၌ ပြုလုပ်ခဲ့ရာ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဦးနှင့် ဝန်ထမ်းများက ကရင်ချောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေပြည်သူများအား စွမ်းအားမြှင့်မီးဖို (၁၀၈)လုံးကို ပြည်သူ့လက်ဝယ်အရောက် ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။

လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ လှိုင်တွင်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ် (၇) ရပ်ကွက်ရှိ၊ လှိုင်ရတနာ ပရိယတ္တိစာသင်တိုက်တွင် ယနေ့နံနက် ၁၀ နာရီက မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်း၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ် ခဲ့ပါသည်။

အင်းစိန်မြို့နယ်၌ နှစ်စဉ် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသော လမ်းသစ်လမ်းအား စက်ယန္တရားဖြင့် ဆယ်ယူတူးဖော်နေမှုအား ကြည့်ရှုစစ်ဆေး

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ နှစ်စဉ်ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသော လမ်းသစ်လမ်းအား စက်ယန္တရားဖြင့် ဆယ်ယူတူးဖော်နေမှုအား ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက လွှတ်တော်ကိုယ်စားလှယ်များက စစ်ဆေးခဲ့သည်။

မိုးကောင်းစုကျေးရွာ၌ ကျေးလက်မီးလင်းရေးဖွင့်ပွဲ ကျင်းပ

မအူပင်  ဖေဖော်ဝါရီ  ၂၄

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ရေလဲကျေးရွာအုပ်စု အတွင်းရှိ NEP(2) Mile အတွင်းရှိ မိုးကောင်းစုကျေးရွာ (၁၁/၀.၄)ကေဗွီအေ ထရန်စဖော်မာအား ကျေးလက်နေပြည်သူများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ယမန်နေ့ ညနေ ၄ နာရီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတို့က ဖွင့်လှစ်၍ ဓာတ်အားလွှတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)

ရန်ကင်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနသုံးခုဖြင့် လက်ခံကျင်းပမည်

၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှ ၂၀ ရက်ထိ ကျင်းပ သွားမည်ဖြစ်ရာ ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်၌ စာစစ်ဌာနသုံးခု (အ.ထ.က-၁၊ အ.ထ.က-၂၊ အ.လ.က-၂)ခွဲ၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် Grade-5နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများ စတင်ဖြေဆို

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲကို Grade-5 စာစစ်ဌာန(၆၀)နှင့် Grade-9 စာစစ်ဌာန(၉)ခုတို့တွင် ယနေ့ နံနက်(၉)နာရီက စတင်ဖြေဆိုနေပြီဖြစ် ကြောင်းမြို့နယ်ပညာရေးမှူးရုံး မှသိရသည်။

အလောင်းတော်ကဿပစံကျောင်းတော်သို့ ဆင်အကောင်ရေ(၇၀) ကျော်ဖြင့် ဝန်ဆောင်ပေးလျက်ရှိ

ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်းရှိ အလောင်းတော်ကဿပ ရုပ်ကလာပ်တော်တည်ရှိရာ စံကျောင်းတော်နှင့် လွမ်းစေတီသို့ သွားရောက်ဖူးမြော် ကြမည့် ဘုရားဖူးဧည့်သည်များ သွားလာရေး အဆင်ပြေစေရန် ဆင်(၇၇)ကောင်ဖြင့် အသွား၊ အပြန် ပို့ဆောင်ပေးလျက်ရှိကြောင်း အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်မှ ဦးစီးအရာရှိ ဦးအောင်မောင်း၏ ပြောကြားချက်အရ သိရသည်။

ဒေးဒရဲမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအား ယမန်နေ့နံနက် ၁၀ နာရီက မြင်းကကုန်းကျေးရွာ အရှင်သုမနာ လင်္ကာရကျောင်း၌ ပြုလုပ်ခဲ့သည်။

အောင်လံမြို့နယ်၌တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၉)ခုတွင်ကျင်းပမည်

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်အတွင်း၌ ယခုနှစ်မတ်လတွင်ကျင်းပမည့် ၂၀၁၉ − ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူစုစုပေါင်း (၄၀၃၇)ဦး ဝင်ရောက်ဖြေဆိုရန် လျှောက်ထားခဲ့ကြပြီး၊ စာမေးပွဲကို စာစစ်ဌာန(၉)ခုတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
Subscribe to