ပဲခူးစက်မှုဇုန်တွင် အလုပ်သမားရေးရာ ဥပဒေများ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ညောင်အင်းစက်မှုဇုန်ရှိ CMP စက်ရုံဖြစ်သည့် Cobes Industries Bago Co.,Ltd. ခွဲစိတ်ခန်းတစ်ခါသုံးကျန်းမာရေးဝတ်စုံထုတ်လုပ်သည့် စက်ရုံရှိ အလုပ်သမားများအား အလုပ်သမားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများအလိုက် စည်းကြပ်လျက်ရှိတဲ့ အလုပ်သမားရေးရာဥပဒေများကို သိရှိနားလည်စေရန်၊ ထိုသို့သိရှိခြင်းဖြင့် အလုပ်ရှင်နှင့် အလုပ်သမားကြား ဆက်ဆံမှု ကောင်းမွန်၍ လုပ်ငန်းခွင် အေးချမ်းသာယာပြီး အငြင်းပွားမှုများ လျော့နည်းစေရန်၊ အလုပ်သမား ဥပဒေပါ အကျိုး ခံစားခွင့်များ သိရှိခံစားခွင့်များ သိရှိခံစားနိုင်စေရန်နှင့် အလုပ်ရှင်၊ အလုပ်သမားတို့ လိုက်နာရမည့် တာဝန်ဝတ္တရားများကို ကောင်းစွာ သိရှိနားလည်စေရန် အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ စက်ရုံ၌ ကျင်းပသည်။