ထားဝယ်မြို့နယ်၊ ညောင်ရမ်းတောင် ရပ်ကွက်၊ ဇေယျဝတီဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော် ၊ ဆီ၊ ကုလားပဲများအားဆက်ကပ်လှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဆွမ်း/ကွမ်းခက်ခဲသည့်ဘုန်းတော်ကြီးကျောင်းများသို့ ထောက်ပံ့လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့နယ်၊ ညောင်ရမ်းတောင် ရပ်ကွက်၊ ဇေယျဝတီ ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲများအား  ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မိုင်းယုမြို့၌ တရားမဝင်ဆေးဝါးများ တင်သွင်းမှုနှင့် ရောင်းချနေမှုမရှိစေရေး ဆေးဆိုင်များအား လိုက်လံစစ်ဆေး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် တရားမဝင်ဆေးဝါးများ တင်သွင်းမှုနှင့်ရောင်းချနေမှုမရှိစေရေးအတွက် ဒေသတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ ညနေပိုင်းက လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။ 

မတ္တရာမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ခုနှစ် ဇွန်လ ၅ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများကို မေလ ၂၆ ရက်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးခဲ့သည့် နေအိမ်များအား‌‌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မေလ(၂၄)ရက်နေ့က လေပြင်း တိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးလူနေအိမ်(၆)လုံး၊ ပြိုလဲ‌လူနေအိမ်(၁)လုံးအတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများကို ယ‌မန်နေ့ည‌နေ(၅) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးခဲ့သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခန္တီးမြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယမန်နေ့ နံနက် (၉) နာရီအချိန်က အ.ထ.က ကျောင်း၊ ကျန်စစ်သားခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခန္တီးမြို့နယ်အဆင့် ကျောင်းအပ်နှံ ရေးနေ့ အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်အတွင်း  လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးတို့အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲအခမ်းအနားကို  ယမန်နေ့ နံနက် (၁၀)နာရီ အချိန်က လားရှိုးမြို့နယ်၊ မန်အိုင်ကျေးရွာအုပ်စု နမ့်ကျန်ကျေးရွာတွင် ပြုလုပ်သည်။
Subscribe to