ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ ငွေများအား ခရိုင်(၈)ခရိုင်သို့ လွှဲပြောင်း ပေးအပ်ပွဲနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားအား ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ရာ  အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်(၈)ခရိုင်မှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

မောက်မယ်မြို့နယ်၌ဝန်ထမ်းသားသမီးများအားပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၃−၂၀၂၄ ပညာသင်နှစ် ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို အဆိုပါ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေ၃နာရီက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး၊ အတွေးအခေါ်ဗဟုသုတများ တိုးပွားစေရေး Book Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး၊ အတွေးအခေါ်ဗဟုသုတများ တိုးပွားစေရေး ယနေ့နံနက် (၁၀) နာရီက လူထုအခြေပြု ဗဟိုဌာနတွင် Book Club အဖွဲ့ဝင်များ စာရေးဆရာ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ၏အလုပ်ဆိုတာအင်အားပါစာအုပ် စာဖတ်ဝိုင်း ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့တွင် Grade-9 သင်ရိုးသစ် ဆင့်ပွားသင်တန်းတက်ရောက်နေကြသည့် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် Grade-9 သင်ရိုးသစ် ဆင့်ပွားသင်တန်းတက်ရောက်နေကြသည့် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာဝတီခန်းမဆောင်၌ကျင်းပပြုလုပ်သည်။

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ကျိုးပဲ့နေသည့် သစ်ပင်၊သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းရာသို့ ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်း တာဝန်ခံ  ဗိုလ်ချုပ်သောင်းထိုက်ရွှေ၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှတာဝန်ရှိသူများနှင့်အတူ မြောက်ဦးမြို့ ကုန်သည်တန်းရပ်ကွက် နန်းတော်ရာကုန်း လမ်းဘေးဝဲယာရှိ မုန်တိုင်းဒဏ်ကြောင့် ကျိုးကျနေသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းဆောင်ရွက်နေမှုကို ယနေ့ နံနက် ၈ နာရီအချိန်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပျော်ဘွယ်မြို့နယ်တွင် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကျောင်းအပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာကျောင်းတို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှု လုပ်ငန်းများကို ကျောင်းအပ် နှံရေး သီတင်းပတ်ဖြစ်သည့် မေလ(၂၃)ရက်၊ နံနက်ပိုင်းမှ စတင်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်၌ မုန်တိုင်းသင့်ဒေသခံပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီမှ မိုခါမုန်တိုင်းသင့်ဒေသခံပြည်သူများအား စားနပ် ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက နေအိမ်များလုံးဝပျက်စီးသွားသည့်ကျေးရွာ(၁၇)ရွာသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာပေရေးရာ ဆွေးနွေးပွဲကျင်းပ

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီ၌ စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းက စာပေရေးရာ ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့၌ ယဉ်ကျေးလိမ္မာသင်တန်း၊ အခြေခံအင်္ဂလိပ်စာနှင့်ကွန်ပျူတာ သင်တန်းဆင်းပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ယဉ်ကျေးလိမ္မာသင်တန်း၊အခြေခံ အင်္ဂလိပ်စာနှင့်ကွန်ပျူတာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေက ဘုတ်ပြင်းမြို့ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

တာမွေမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံဆောင်ရွက်

"ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆိုသည့် ဆောင်ပုဒ်အတိုင်း မိမိတို့နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် မျိုးဆက်သစ် လူငယ်လူရွယ်များအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတပြည့်စုံကြွယ်ဝသော နိုင်ငံ၏ ခေါင်းဆောင်ကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်  နိုင်ငံ တစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-ခုနှစ် မေလ(၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ အခြေခံပညာအဆင့်  ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက် ရှိရာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင်လည်း မေလ(၂၃)ရက်နေ့ နံနက်ပိုင်းအချိန်မှစတင်ကာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to