ပုဗ္ဗသီရိမြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် သက်ကြီးရွယ်အိုများဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

ပုဗ္ဗသီရိ အောက်တိုဘာ ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ပြည်သူ့စာကြည့်တိုက်၌ သက်ကြီးရွယ်အိုများဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းနှင့် စာရေးဆရာမသက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)တို့က သက်ကြီးရွယ်အို များအဖြစ် စတင်သတ်မှတ်သည့်အသက်အရွယ်အပိုင်းအခြား၊ ပြည်တွင်းရှိ သက်ကြီးရွယ်အိုများ ၏လက်ရှိအခြေအနေ၊ သက်ကြီးရွယ်အိုများနှင့်အိမ်တွင်းအကြမ်းဖက်မှု၊ သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်သင့်သည့်နည်းလမ်းများ လိုက်နာရမည့်အချက်များအကြောင်းကို ဆွေးနွေးခဲ့ ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့်ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် Online မှတစ်ဆင့်အသိပညာပေး TalkShow အစီအစဉ် များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သားငယ် (ပုဗ္ဗသီရိ)