စကုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေးဟောပြောခြင်း ဆောင်ရွက်

မင်းဘူး   အောက်တိုဘာ  ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရန်နှင့် ယာဉ်/လမ်းစည်းကမ်းများကို သိရှိလိုက်နာပြီး သွားလာနေထိုင်တတ်စေရန်အတွက် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်က အဆိုပါကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးမြို့ အမှတ်(၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ရဲမှူးဆန်းဌေးနှင့် တပ်ဖွဲ့ဝင်များက ကျောင်းသား/ကျောင်း သူများအနေဖြင့် ကျောင်းတက်၊ ကျောင်းဆင်းသွားလာရာတွင် ယာဉ်/လမ်းအန္တရာယ် မဖြစ်ပေါ်စေရေးနှင့် သတ်မှတ်ထားသော စည်းကမ်းများအတိုင်း သွားလာနေထိုင်စေရေး ဆောင်ရန်/ရှောင်ရန်အချက်များ၊ အန္တရာယ်သတိပေးလမ်းညွှန်များ၊ တားမြစ်ခြင်းနှင့်ကန့်သတ်ခြင်းလမ်း ညွှန်များ၊ အမိန့်ပေးလမ်းညွှန်များ၊ မော်တော်ဆိုင်ကယ်စီးသူများ လိုက်နာရန်စည်းကမ်းချက်များ၊ ဦးစားပေးရမည့်ယာဉ်များ၊ ယာဉ်းမောင်းသူနှင့် ယာဉ်နောက် လိုက်ပါစီးနင်းသူများ လိုက်နာရအမည့် စည်းကမ်း သတ်မှတ်ချက်များကို အသိပညာပေးဟောပြောခဲ့ပြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲကို မင်းဘူးမြို့ အမှတ်(၁၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးနှင့် စကုမြို့ အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ဟောပြောပွဲသို့ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ ဦးရေ(၁၅၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)