ကျောက်ဆည် အောက်တိုဘာ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲအနေဖြင့် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာစေရန် မိုးနှောင်းရာသီး၌ မျိုးကောင်း၊မျိုးသန့်၊မျိုးစေ့များ ထုတ်လုပ်နိုင်ရေးဝါစိုက်တောင်သူများအား ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖြန့်ဖြူးပေးနိုင်ရန်အတွက် စိုက်ပျိုးထုတ်လုပ်မှု နည်းပညာပေး လက်တွေ့သင်တန်းအားလွန်ကျော်ဝါသီးနှံသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ သင်တန်းခန်းမတွင် ယမန်နေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ရာ ခြံတာဝန်ခံ ဒေါက်တာအေးအေးမြတ်က အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် သင်တန်းနည်းပြ ဆရာ/ဆရာများက ဝါအထွက်နှုန်းတိုးတက်မြင့်မားရေးဆိုင်ရာ ဆောင်ရွက်ရမည့်နည်းလမ်းများနှင့်ချည်မျှင် ရှည်ဝါမျိုးစေ့ ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မှီရေးအတွက် လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းများအား ဆွေးနွေးရှင်းလင်းသင်ကြားခဲ့ကြောင်းနှင့် ဝါသီးနှံမျိုးကွဲစစ်ဆေးခြင်း၊ နုတ်ပယ်ခြင်း၊ ပိုးမွှားကင်းထောက် မှတ်တမ်းယူခြင်း၊ မျိုးစေ့နမူနာယူခြင်း၊ အက်စစ်ချွတ်ခြင်း များအား လက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် ဝါသီးနှံဇီဝနည်းပညာဓာတ်ခွဲခန်း (Cotton Biotec hnollogy Laboratory)၌ ဓာတ် ခွဲခန်းသုံးပစ္စည်းများ အသုံးပြုပုံနှင့် ရွှေတောင်-၈၊ ရွှေတောင်(၁၀) ဝါမျိုးများတွင် BTgene ပါဝင်မှု စစ်ဆေးခြင်းခြင်းများအား လက်တွေ့ကွင်းဆင်းခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ မန္တ်လေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ အောင်မြေသာဇံခရိုင်များမှ သင်တန်းသား/သင်တန်းသူ(၁၅)ဦးနှင့် ဌာနဆိုင်ရာဝန်ထမ်း(၂၈)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ(၂)ရက်ကြာမြင့်ခဲ့ပြီး သင်တန်းဆင်းပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ဝါနှင့်လျှော်မျှင်ထွက် သီးနှံဌာနခွဲ (ရုံးချုပ်) နေပြည်တော်မှ ညွှန်ကြားရေးမှူး ဒေါ်အေမီမီစိုးက Zoom Application ဖြင့် သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)