က​လေးဝမြို့နယ် ဌာနဆိုင်​ရာများ၏ (၂၂)ကြိမ်​မြောက်​ စု​ပေါင်းမဟာဘုံကထိန်​ပွဲကျင်းပ

က​လေးဝ​ အောက်​တိုဘာ ၃၁

စစ်​ကိုင်းတိုင်း​ဒေသကြီး၊ က​လေးဝမြို့တွင်​ ဌာနဆိုင်​ရာများ၏ (၂၂) ကြိမ်​မြောက်​ စု​ပေါင်းမဟာဘုံကထိန်​ပွဲကို အမှတ်​-၁ ရပ်​ကွက်​ရှိ နန်း​တော်​ပရိယတ္တိ​ကျောင်းတိုက်​၌ နံနက်​ ၉ နာရီက ပြုလုပ်​ခဲ့သည်​။

ဌာနဆိုင်​ရာများ၏ (၂၂)ကြိမ်​မြောက်​ စု​ပေါင်းမဟာဘုံကထိန်​ပွဲ အခမ်းအနားကို မြို့နယ်​စီမံအုပ်​ချုပ်​ရေး အဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်​မိုး​အောင်​နှင့်​အဖွဲ့ဝင်​များ၊ ဌာနဆိုင်​ရာတာဝန်​ရှိ အကြီးအကဲများနှင့်​ဝန်​ထမ်းများ၊ မြို့မိ မြု့ဖများက စု​ပေါင်း၍  န​မောတဿ သုံးကြိမ်​ရွတ်​ဆို ပူ​ဇော်​ဖွင့်​လှစ်​ခဲ့သည်​။

ထို့နောက်​ ဆရာ​တော်​အရှင်​သူမြတ်​များထံမှ သုံးပါး​သော သရဏဂုံနှင့်​ ငါးပါးသီလခံယူ​ဆောက်​တည်​ကြပြီး​ ကျောင်းတိုက်​အသီးသီးမှ ပင့်​ဖိတ်​ထား​သော သံဃာ​တော်​အရှင်​သူမြတ်​ (၁၈) ပါးအား ပ​ဒေသာပင်​(၂၄) ခုအား မဲနှိုက်​၍ ဆက်​ကပ်​လှူဒါန်းခဲ့​ကြောင်း သိရသည်​။

မြို့နယ်​ (ပြန်​/ဆက်)