ဇီးကုန်းမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း အမှတ်စဉ် (၃/၂၀၂၂) သင်တန်းဆင်းပွဲ ပြုလုပ်

ဇီးကုန်း အောက်တိုဘာ ၃၁

ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း အမှတ်စဉ် (၃/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို   ယနေ့ နံနက် ၁၀ နာရီခွဲက မယင်းကျေးရွာအုပ်စု၊ မယင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (မယင်းလက်ပံခုံ) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲ အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးဉာဏ်ကြည်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်တို့က သင်တန်းဆင်း အမှာစကားများ အသီးသီးပြောကြားပေးခဲ့သည်။ ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့မှူး ကျော်စိုးမင်းမှ သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး၊ ကျောင်းကြက်ခြေနီအသင်းခွဲသို့ First Aid ဆေးအိတ်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေး ပိုစတာများအားပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်မှ လက်ခံရယူခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ ဇီးကုန်းမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌနှင့် တပ်ဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်နှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူ(၆၀)ဦး တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)