ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဗန်းမော်နှင့် မိုးမောက်မြို့နယ်များအတွင်း စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး၊ နေရပ်ပြန်ပြည်သူများ ပြန်လည်ထူထောင်ရေး ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ဗန်းမော်ခရိုင် မနောကွင်းအဝင်မုဒ်ဦး မန္နက်ရိုက်တင်ပေး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ပြန်လည်နေရာချထားပေးသည့် နေရပ်စွန့်ခွာ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် တာဝန်ရှိသူများနှင့် အတူ မေ ၂၅ ရက်တွင် မိုးမောက်မြို့နယ်နှင့် ဗန်းမော်မြို့နယ်အတွင်း ကွင်း ဆင်းဆောင်ရွက်ခဲ့ကြသည်။

သာပေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကျေးရွာအုပ်စု (၂၁) အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကျေးရွာအုပ်စု (၂၁) အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် ယနေ့ မေလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်အေးခန်းမ၌ တွေ့ဆုံခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ် ကုသရေး/ပြည်သူ့ကျန်းမာရေးဦးစီးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ် ကုသရေး/ပြည်သူ့ကျန်းမာရေး ဦးစီးမှူးများနှင့် လုပ်ငန်းညှိနိုင်းအစည်းအဝေးကို မေလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မုံရွာခရိုင်/မြို့နယ် ကုသရေး/ပြည်သူ့ကျန်းမာ ရေးဦးစီးမှူးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များမှ ကုသရေး/ ပြည်သူ့ကျန်းမာရေးဦးစီးမှူးများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

မုံရွာမြို့၌ စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံ သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံး (မုံရွာ) အစည်းအဝေးခန်းမ၌ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဌဋ္ဌနှင့်အတွင်းရေးမှူး၊ ကော်မတီဝင်များ နှင့် ဖိတ်ကြားထားသောဧည်သည်တော်များတက်‌ရောက်ခဲ့ကြသည်။

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင်၊ရေဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ ၂၅ ရက် နံနက် ၁၀ နာရီက ရေဦးမြို့အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ကံ့ကော်ဆောင်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းနှင့်အဖွဲ့၀င်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံမှု ဆက်လက်ဆောင်ရွက်ပေး

ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အား မေ ၂၃ ရက်မှ ၃၀ ရက်အထိ သတ်မှတ်ထားရှိရာ မေ ၂၅ ရက် နံနက် ၉ နာရီက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အခြေခံကျောင်းများတွင် ကျောင်းအပ်နှံမှုများ အား တာဝန်ခံဆရာ/မများက ဆက်လက်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

ကျိုက်ဒုံမြို့(အ.ထ.က)ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်

ကရင်ပြည်နယ် ကေ့ာကရိတ် ကျိုက်ဒုံမြို့(အ.ထ.က)ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသား၊ကျောင်းသူများအား ယမန်နေ့ နံနက် (၉)နာရီက စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။

ခိုလမ်မြို့တွင် အသက်(၁)နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ကုတင်(၁၀၀) ဆေးရုံတွင် ဆောင်ရွက်ပေးခဲ့သည်။

ပုသိမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ရောကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် Mask Camping ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ရောကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် အမှတ်(၁၅)ရပ်ကွက်ရှိ အောင်ဧရာဈေးနှင့် ကိုးဆူစစ်ဆေးရေးဂိတ်တို့တွင် ယနေ့ နံနက်(၈)နာရီအချိန်က Mask Camping ပြုလုပ်ခဲ့ကြသည်။

ကျိုင်းတုံမြို့၌ စစ်ကြောင်းကြီး(၅)ကြောင်းမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းမှ ပန်ကြူအုပ်စု၊ နမ့်အော်ကျေးရွာရှိ ဘုရားကျောင်း၌ ယမန်နေ့ နံနက်(၉)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to