လူငယ်များစာဖတ်ရှိန်မြင့်မားရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် နိုင်ငံတော်မှ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတကာနှင့်အညီပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်လျက်ရှိရာတွင် ကျောင်းသား/ကျောင်းသူ လူငယ်များ စာဖတ်ရှိန်မြင့်မားရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊

သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ သုတဉာဏ်စမ်းပြိုင်ပွဲပြုလုပ်၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များပြသ

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင်  ကျောင်းသား/သူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန် သုတဉာဏ်စမ်းပြိုင်ပွဲပြုလုပ်ပြီး သုတရသစာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များပြပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ကြောင်းသိရသည်။

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရသေ့တောင်မြို့နယ် Community Centre ခန်းမ၌  စာအုပ်ပြပွဲနှင့် ဓါတ်ပုံပြပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နေ့လယ်(၁)နာရီအချိန် က  ဓါတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲများကိုကျင်းပပြသခဲ့ကြောင်းသိရသည်။       

အမ်းမြို့နယ် (CommunityCentre)ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမားများပပျောက်ရေးအတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ်အချိန်က  ကျင်းပပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့၊ အထက (ကန်သာယာ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးစာပေစကားဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့တို့ ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေးစာပေစကားဝိုင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက အထက (ကန်သာယာ)ကျောင်း ၊ မဟော်သဓာ ခန်းမ၌ကျင်းပ ပြုလုပ်ခဲ့သည်။

မိုးညှင်းမြို့၌ (၁၈)ကြိမ်မြောက် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များ၏ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော (၁၈)ကြိမ်မြောက် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များ၏ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာပွဲတော်ကို ယနေ့နံနက်ပိုင်းက သိမ်အင်းဘုန်းတော်ကြီး ကျောင်းတိုက်၌ ကျင်းပသည်။

ထိုင်းနိုင်ငံမှနေရပ်ပြန် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား (၈၁)ဦးအား တာချီလိတ်မြို့တွင် ပြန်လည်ကြိုဆိုလက်ခံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ခဲ့သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား(၈၁)ဦးတို့အား ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက ပြန်လည်လွှဲပြောင်းပေးခဲ့ရာ မြန်မာနိုင်ငံ၊ တာချီလိတ်မှတာဝန်ရှိသူများက မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)၌ ယမန်နေ့နံနက် (၉)နာရီအချိန်ကကြိုဆိုလက်ခံခဲ့ကြသည်။

၂၀၂၂-၂၀၂၃ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ၏ စွမ်းရည်မြင့်မားရေးသင်တန်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ၏ စွမ်းရည်မြင့်မားရေးသင်တန်းကို ယနေ့နံနက်ပိုင်းတွင် အခြေခံပညာမူလတန်းလွန်ကျောင်း၊ ဘောဂဝတီအစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြောက်ဦးခရိုင် Community Centre ခန်းမ၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ် ပြုသောအားဖြင့် စာအုပ်ပြပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က   စာအုပ်ပြပွဲခင်းကျင်းပြသခဲ့ကြောင်းသိရသည်။  

သာယာဝတီမြို့တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၏ စီစဉ်ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့်ရောင်းချ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၏ စီစဉ်ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက ခရိုင်ပြည်သူ့ဆေးရုံ၌ အမှတ်(၁၀၁၀) လေကြောင်းရန် ကာကွယ်ရေးတပ်ရင်းမှ ဗိုလ်မှူးရဲလင်းအောင်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စားဆီ ၁ ပိဿာ လျှင် ၄၄၀၀ ကျပ်နှုန်းဖြင့် စားဆီ ၁၁၀ ပိဿာ နှင့် ကြက်ဥ ၁ လုံးလျှင် ၁၇၀ ကျပ်နှုန်းဖြင့် ကြက်ဥ ၁၄၀၀ လုံးတို့အား ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးတင်ထွန်းဦးနှင့် ဝန်ထမ်းများအား ရောင်းချပေးခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လာရောက်ကြီးကြပ် အားပေးခဲ့ကြောင်းသိရသည်။
Subscribe to