မိုးညှင်းမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

မိုးညှင်း အောက်တိုဘာ ၃၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် လူငယ် ရေးရာနှင့် ပတ်သက်၍ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၁၁)နာရီက အခြေခံ ပညာအလယ်တန်းကျောင်း(မြို့မ)၌ အသိပညာပေး ဟောပြောခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် အခြေခံပညာအလယ်တန်းကျောင်း (မြို့မ)မှ ကျောင်းအုပ်ကြီး ကိုယ်စား ဆရာမဒေါ်ရီရီဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနမှ ခရိုင်ဦးစီးမှူးဒေါ်နွယ်နွယ်အေးက ပြန်/ဆက်ဌာန၏ လုပ်ငန်းနှင့်ပတ်သက်၍ မိတ်ဆက် ပြောကြား ခြင်း၊ လူငယ်နှင့် ရည်မှန်းချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါကြိုးစားကြ၊ လူငယ်နှင့် ပေါင်းသင်း ဆက်ဆံရေး၊ လူငယ်နှင့်စာရိတ္တစသည့်ခေါင်းစဉ်များဖြင့် ဟောပြောခဲ့သည်။

ဆက်လက်၍ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးအောင်ဇင်ဦးက လူငယ်နှင့် မူးယစ်ဆေးဝါးများအကြောင်းကိုလည်းကောင်း၊ အားကစားလှုပ်ရှားမှုနှင့် ပတ်သက်၍ လူငယ်များကို မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ရောက်ရှိစေပြီး နိုင်ငံတော်ကိုတစ်ဖက်တစ်လမ်းမှ အကျိုးပြုစေမည့် နိုင်ငံ့သားကောင်း သမီးကောင်းများ ပေါ်ထွန်းစေးရန်စသည့် အကြောင်းအရာများ ဖြင့် လည်းကောင်း ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ဟောပြောပွဲတွင် အလယ်တန်းအဆင့်မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ စုစုပေါင်း (၁၁၅)ဦး ပါဝင်တက်ရောက်ကြပြီး အဆိုပါ အသိပညာပေး ဟောပြောပွဲကို ကျန်ရှိနေသည့် အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

ရွှေမိုးညှင်း