ကျောက်မဲ အောက်တိုဘာ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Center)ခန်းမ ကလေးစာဖတ်ခန်းတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆေးရောင်ခြယ်၊ ဂိမ်းကစား၊ ပုံပြင်ပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ခင်မြတ်ဝါနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက စာကြည့်တိုက်သို့ လာရောက်လည်ပတ်ကြသောကလေး ၈ ဦးအား ဆေးရောင်ခြယ်ပြိုင်ပွဲများ၊ ဉာဏစွမ်းရည်ဂိမ်းများ၊ အရုပ်ဆက်ပြိုင်ပွဲများ ကျင်းပပေးခဲ့ပြီး ကလေးသူငယ်များအား ပုံပြင်ပြောခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကလေးသူငယ်များ စာဖတ်သည့် အလေ့အကျင့်ရရှိစေရန် ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ၊ ဂိမ်းပြိုင်ပွဲများကို လစဉ်ကျင်းပပေးလျက်ရှိကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)