သာယာဝတီမြို့တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၏ စီစဉ်ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့်ရောင်းချ

သာယာဝတီ အောက်တိုဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၏ စီစဉ်ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက ခရိုင်ပြည်သူ့ဆေးရုံ၌ အမှတ်(၁၀၁၀) လေကြောင်းရန် ကာကွယ်ရေးတပ်ရင်းမှ ဗိုလ်မှူးရဲလင်းအောင်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စားဆီ ၁ ပိဿာ လျှင် ၄၄၀၀ ကျပ်နှုန်းဖြင့် စားဆီ ၁၁၀ ပိဿာ နှင့် ကြက်ဥ ၁ လုံးလျှင် ၁၇၀ ကျပ်နှုန်းဖြင့် ကြက်ဥ ၁၄၀၀ လုံးတို့အား ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးတင်ထွန်းဦးနှင့် ဝန်ထမ်းများအား ရောင်းချပေးခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လာရောက်ကြီးကြပ် အားပေးခဲ့ကြောင်းသိရသည်။

သန့်ဇော် (ပြန်/ဆက်)