တာမွေမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံဆောင်ရွက်

"ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆိုသည့် ဆောင်ပုဒ်အတိုင်း မိမိတို့နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် မျိုးဆက်သစ် လူငယ်လူရွယ်များအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတပြည့်စုံကြွယ်ဝသော နိုင်ငံ၏ ခေါင်းဆောင်ကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်  နိုင်ငံ တစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-ခုနှစ် မေလ(၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ အခြေခံပညာအဆင့်  ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက် ရှိရာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင်လည်း မေလ(၂၃)ရက်နေ့ နံနက်ပိုင်းအချိန်မှစတင်ကာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်  အခြေခံပညာကျောင်းများတွင်   ၂၀၂၃-၂၀၂၄  ပညာသင်နှစ် ကျောင်းသူကျောင်းသားများ  စိတ်အေး ချမ်းသာစွာ  ပညာသင်ကြားနိုင်ရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်း သာယာလှပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌဦးဆန်းဗိုလ်၏ ဦးဆောင်မှု ဖြင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဘာသာရေးအသင်းအဖွဲ့များမှဆရာတော်များ၊ ပရဟိတအဖွဲ့ များပူပေါင်း၍ ယနေ့နံနက်ပိုင်းတွင် သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌  စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ်၌ ကြက်သွန်နီ စိုက်ပျိုးတောင်သူများ တစ်ပိဿာ ၂၂၀၀ ကျပ် ရောင်းချနေရ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက် တောင်သူများ ကြက်သွန်နီ နုတ်သိမ်းရောင်းချချိန် တစ်ပိဿာ ၂၂၀၀ ကျပ် ရောင်းချနေရခြင်းကြောင့် လာမည့်နှစ် ဆောင်းကြက်သွန်နီ စိုက်ပျိုးမည့် တောင်သူများ ပြားလာနိုင်ကြောင်း ကန်ပတ်လည်အုပ်စု၊ လဲဂွကျေးရွာ ဆောင်းကြက် သွန်နီ စိုက်ပျိုးတောင်သူ ဦးပိုက်က ပြောကြားသည်။

၂၀၂၃-၂၀၂၄ပညာသင်နှစ်ကျောင်းအပ်နှံရေးပိုစတာများကို မြို့နယ်ပြည်သူ့စာကြည့်တိုက်အရှေ့ရှိ မြေစိုက်ဘုတ်တွင် ကပ်ထားကြောညာပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အရှေ့ရှိ အသိ ပညာပေးမြေစိုက်ဘုတ်တွင် ပညာရေးဝန်ကြီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ကျောင်း အမြန်အပ်နှံစို့ ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးဆိုင်ရာ အသိပညာပေး ဗွီနိုင်းပိုစတာများကို ကျောင်းသားမိဘများနှင့် အုပ်ထိန်းသူများ ကြိုတင်သိရှိလေ့လာနိုင်စေရန် မေလ ၂၄ ရက်နေ့ ညနေ ၃ နာရီအချိန်က ရုံးဝန်ထမ်းများက ကပ်ထားကြေညာပေးကြသည်။

ရသေ့တောင်မြို့၌ (မိုခါ)မုန်တိုင်းကြောင့် ပျက်စီးသွားသော ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများကို ပြန်လည်ပြုပြင်တပ်ဆင်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့တွင်(မိုခါ)မုန်တိုင်းကြောင့် ပျက်စီးပြိုလဲသွားသော ဓာတ်အားလိုင်းများ၊ ဓာတ်တိုင်များနှင့် ထရန်စဖော်မာများ ပြန်လည်ပြင်ဆင်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး နွေရာသီအခြေခံသင်တန်းဆင်းပွဲ ကျင်းပ

ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး နွေရာသီ အခြေခံ သင်တန်း ဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဥ်ရပ်ကွက်၊ ဗန်းမော်ကျောင်းတိုက်၌ သီတင်းသုံးလျက်ရှိသည့် ဗန်းမော်ဆရာတော် ဘဝနတ်ထံ ပျံလွန်တော်မူ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မဟာနွယ်စဥ်ရပ်ကွက်၊ ၃၉ လမ်း၊ ၆၉x၇၁ လမ်းကြား၊ ဗန်းမော်ကျောင်းတိုက်၌ သီတင်းသုံး လျက်ရှိသည့် ဗန်းမော်ဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇအဂ္ဂမဟာရဌဂုရုအဘိဓဇအဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဒေါက်တာဘဒ္ဒန္တ ကုမာရဘိဝံသ၊ သက်တော် (၉၄) ၊ သိက္ခာတော် (၇၄) ဝါ အရ မေလ (၂၅) ရက်‌နေ့၊ ည ၁၀ နာရီ ၁၀ မိနစ် အချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူ သွားကြောင်း သိရသည်။

မြိတ်မြို့နယ် အခြေခံပညာကျောင်းများတွင် KG  မှ Grade-12 ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံဆောင်ရွက်ပေးနေမှုအား တာဝန်ရှိသူများ ကြည့်ရှုအားပေး

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ KG  မှ Grade-12 ကျောင်းသား/သူများကို မြိတ်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ မိဘအုပ်ထိန်းသူများက ကျောင်းသား/သူများအား ကျောင်းအပ်နှံရေး သီတင်းပတ် ပထမရက်မှစတင်ကာ လာရောက်အပ်နှံလျက်ရှိကြရာ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြပြီးယနေ့တွင် တာဝန်ရှိသူများက ကျောင်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ကျုံပျော်တွင် မိုးရာသီ စပါးသီးနှံ တစ်ဧက (၁၀)တင်း ပိုတိုးထွက်ရှိရေး ပညာပေး သင်တန်းဖွင့်လှစ်

၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးရာသီ စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် တစ်ဧက အထွက်နှုန်း (၁၀)တင်း ပိုတိုးထွက်ရှိရေး ပညာပေးသင်တန်းဖွင့်ပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၌ မေလ ၂၅ ရက် နံနက် ၉ နာရီ အချိန်က ပြုလုပ်သည်။

ဘူးသီးတောင်မြို့၌ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုလဲသွားသည့် သစ်ပင်ကြီးများအား ခုတ်ထွင်ရှင်းလင်းပြီး ဓာတ်အားလိုင်းများ ပြင်ဆင်ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ မိုခါမုန်တိုင်းကြောင့် လူနေအိမ်များ ပြိုကျခြင်း၊ လမ်းဆုံများနဲ့ သစ်ပင်၊ သစ်ကိုင်းများ ကျိုးပဲ့နေခြင်းနှင့် ဓာတ်အားလိုင်း ပြတ်တောက်များဖြစ်ပေါ်ခဲ့ရာ ပြန်လည်ထူထောင်ရးလုပ်ငန်းများကို မြို့နယ်တွင်းပူးပေါင်းအဖွဲ့များက စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
Subscribe to