ပန်းဘဲတန်း အောက်တိုဘာ ၂၁
စာပေအသိပညာ ဗဟုသုတတိုးပွားစေရေးအတွက် ပန်းဘဲတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က နယ်လှည့်စာကြည့်တိုက်အနေဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်၍ ငှားရမ်းပေးခဲ့ကြသည်။
ထို့သို့ဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် စာဖတ်ပရိတ် သတ်များအား စာအုပ်စာပေကိုလေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးကို ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်ဖြင့် လှည့်လည်ငှားရမ်းပေးခြင်းဖြစ်ပြီး အဆိုပါ နယ်လှည့်စာကြည့်တိုက်တွင် သုတ/ရသ၊ ဝတ္ထုစာအုပ်ပေါင်း (၁၀၀)ကျော် ပါရှိကြောင်း သိရသည်။
ပန်းဘဲတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက် စာငှားလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ရက်သတ္တပတ် (၂)ပတ်လျှင်တစ်ကြိမ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဦးဆန်းကြည် (ပြန်/ဆက်)