ဒဂုံအရှေ့ အောက်တိုဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက် အဆင့်(၂)ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁)ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်အထိ ဆောင်ရွက်ပေးမည်ဖြစ်ရာ ကျောင်းသားကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူရုံးဝန်ထမ်းများက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၉)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဦးစီးအရာရှိဦးကျော်ဝင်းထွန်း၏ ဦးဆောင်မှုဖြင့်ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေ စာရင်းမိတ္တူ၊ မိဘနှစ်ပါး၏နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ အမည်နှင့်မွေးသက္ကရာဇ်ကို ကျောင်းဝင်မှတ်ပုံတင်စာရင်းအတိုင်းမှန်ကန်မှုရှိ/မရှိစစ်ဆေးခြင်း နိုင်(၃)(က)ပုံစံဖြင့် အသက်(၁၀)နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်အား ကျောင်းသား(၄၁)ဦး၊ ကျောင်းသူ(၄၀)ဦး စုစုပေါင်း(၈၁)ဦးတို့ကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဆက်လက်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)