စမ်းချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းကျင်းပ

စမ်းချောင်း အောက်တိုဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် စာပေချစ်မြတ်နိုးသူ လူငယ်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့မွန်းလွဲ ()နာရီတွင် မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့်စိတ်ရောင်စုံအလှပိုင်ရှင်မြန်မာစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နီလာစိုးက စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်စိတ်ရောင်စုံအလှပိုင်ရှင်မြန်မာစာအုပ်ပါ အကြောင်းအရာများကို မိတ်ဆက်ရှင်းလင်း ပြောကြားသည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စမ်းချောင်းမြို့နယ်အတွင်းရှိ စာပေချစ်မြတ်နိုး သူများဖြစ်ကြသည့် မရီရီတိုး၊ မောင်ရဲရင့်အောင်နှင့် တက်ရောက်လာကြသည့် လူငယ်များက မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့်စိတ်ရောင်စုံအလှပိုင်ရှင်မြန်မာစာအုပ်ပါ မြန်မာ့ဓလေ့စရိုက် နှင့် စိတ်နေစိတ်ထား၊ ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှုလက်ရာများအပေါ် မိမိတို့၏ သဘောထားအမြင်များဖြင့် အသီးသီးဆွေးနွေးကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စမ်းချောင်းမြို့နယ်ရုံး၊ အနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတများရရှိစေရန်အတွက် အသိပညာပေး အစီအစဉ်များနှင့် စာဖတ်ဝိုင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်ငြိမ်းချမ်းဝင်း