စမ်းချောင်း အောက်တိုဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်းရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတရရှိစေရန်၊ ယဉ်ကျေးသိမ်မွေ့လာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် (၉) နာရီက စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့နယ်လှည့်ကွင်းဆင်းရာတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာများကို သာမက ပြင်ပရှိအသိပညာရရှိစေသော စာအုပ်များကို သိရှိဖတ်ရှုစေရန်၊ စာအုပ်စာစောင်များနှင့် ရင်နှီးကျွမ်းဝင်မှုရှိပြီး စာပေကိုစိတ်ဝင်စားမြတ်နိုး တန်ဖိုးထားတတ်ကြစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေကိုအသုံးချတတ်စေရန် ရည်ရွယ်၍ စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်ကွင်းဆင်း၍ စာအုပ်စာစောင်များကို အခမဲ့သွားရောက် ငှားရမ်းပေးနေခြင်းဖြစ်ကြောင်း သိရသည်။
စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ဌာနဆိုင်ရာများ၊ ကျောင်းများ၊ ရပ်ကွက်များသို့ အလှည့်ကျသွားရောက်ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်ငြိမ်းချမ်းဝင်း