ပေါက်ခေါင်းမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧက ၁၀၉  တင်းထွက်ရှိ

ပေါက်ခေါင်း     အောက်တိုဘာ    ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ဝက်တိုးကျေးရွာအုပ်စု၊ ဝက်တိုးကျေးရွာတောင်သူဦးခိုင်ထူး၏ ကွင်းအမှတ်(၆၉၉)ရှိ မိုးစပါးစံကွက်  ၅ ဧကစိုက်ခင်းရိတ်သိမ်းပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်၊ ပေါက်ခေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးသူမောင်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်မြေစာရင်းဦးစီးဌာန ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမင်းမင်းထွန်းနှင့်ဝန်ထမ်းများ၊ အခြားဌာနဆိုင်ရာများ၊တောင်သူများ တက်ရောက်ခဲ့ကြသည်။ တောင်သူဦးခိုင်ထူး၏ မိုးစပါးရတနာတိုးမျိုးစပါး စံကွက်ရိတ်သိမ်းရာတွင် တစ်ဧကအထွက်နှုန်း ၁၀၉  တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)