ကျောက်တော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေးလျက်ရှိ

ကျောက်တော်  မေ   ၂၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယမန်နေ့နံနက်ပိုင်းကစ၍  မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်တော်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ပင်စင်စားဝန်ထမ်း(၂၂၀၀)ဦးရှိပြီး  မေလ ၂၂ ရက် နေ့မှစတင်၍ လကုန်ရက်အထိ နေ့စဉ်နံနက် ၇ နာရီမှ နေ့လယ် ၂ နာရီထိ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိသည်။ အငြိမ်းစားအသက်ကြီးသူများနှင့် ကျန်းမာရေးမကောင်းသူများ၏ ပင်စင်လစာ များကို ကိုယ်စားလှယ်လွှဲစာဖြင့် မိသားစုဝင်များက အဆင်ပြေစွာထုတ်ယူနိုင်ရန် မြန်မာ့စီးပွားရေးဘဏ် က စီစဉ်ဆောင်ရွက်ပေးထားသလို သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူခြင်းမရှိသော ပင်စင်စားဝန်ထမ်းများအား လစဉ်လဆန်းရက်၊ ဘဏ်လုပ်ငန်းဖွင့်ချိန်များတွင်  ပင်စင်လစာများကို ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ခင်မောင်ထွန်း