ရခိုင်ပြည်နယ်ရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ဒေသများသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးရန်သွားရောက်မည့် ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်

ပဲခူး မေ ၂၇

ရခိုင်ပြည်နယ်ရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့်ဒေသများသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးရန်သွားရောက်မည့် ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို မေလ(၂၆)ရက်နေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ရခိုင်ပြည်နယ်သို့သွားရောက်မည့် တိုင်းဒေသကြီးကိုယ်စားပြု ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကျန်းမာရေးအသိ၊ လုံခြုံရေးသတိနှင့် ဒေသခံတိုင်းရင်းသားများ၏ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက်များကို အလေးထားရန်လိုအပ်ကြောင်း၊ ကိုယ်ကျိုးစွန့်ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်တတ်သည့် ကျန်းမာရေး ဝန်ထမ်းများ၏ ဂုဏ်သိက္ခာနှင့်အညီ ပြုမူပြောဆိုနေထိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသများရှိဒေသခံပြည်သူများ၏ ကျန်းမာရေးအား အကောင်းဆုံးစောင့်ရှောက်မှုပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန် လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ရခိုင်ပြည်နယ်ရှိ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့်ဒေသများသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် သွားရောက်မည့် ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ငွေကျပ်(၁၀)သိန်းအား‌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း  သိရှိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)