ပုဏ္ဏားကျွန်း မေ ၂၇
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်များ၌ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေအခက်အခဲဖြစ်နေသည့် ပြည်သူများအတွက် သောက်သုံးရေပြတ်လပ်မှုများမဖြစ်ပေါ်စေရန် ဗိုလ်မှူးချုပ်ဝင်းမောင်၏လမ်းညွှန်မှုဖြင့် နယ်မြေခံတပ်တော်မှ ရေဂါလံ(၂၀၀၀)ဆံ့ ရေဘောင်ချာကားကြီးဖြင့် နေ့စဉ်လှူဒါန်းပေးလျက်ရှိပြီး ယနေ့နံနက်ပိုင်းက မြို့သစ်ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား လာရောက်လှူဒါန်းပေးခဲ့သည်။
အဆိုပါမုန်တိုင်းဒဏ်ကြောင့် ရေရှားပါးမှုကြုံတွေ့နေရသည့် ပြည်သူများအတွက် တပ်မတော်ရေသယ်ယာဉ်ဖြင့် ရေသန့်ဂါလံ(၂၀၀၀)ဆံ့ Water Bowser ကားကြီးဖြင့် လာရောက်ဖြန့်ဝေပေးနေမှုတို့ကို ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အဖွဲ့က လာရောက်ကြည့်ရှုပြီး၊ လိုအပ်သည့်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မိုခါမုန်တိုင်းကြောင့် ရေရှားပါးမှု ကြုံတွေ့နေရသည့် ရပ်ကွက်/ ကျေးရွာများသို့ စဉ်ဆက်မပြတ် ဆက်လက်ဖြန့်ဝေပေးရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
နီထွန်းအောင်(ပြန်/ဆက်)