မိုင်းရယ် မေ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၌ သုံးထပ်ကျောင်းဆောင်သစ်ပေးအပ်ပွဲနှင့် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။
ရှေးဦးစွာ သုံးထပ်ကျောင်းဆောင်သစ်အား အမှတ်(၃၅၀) အမြောက်တပ်ရင်းမှူး ဒုတိယဗိုလ်မှူး ကြီးတင်မောင်ဝင်း၊ တန့်ယန်းခရိုင်ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကြည်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် Shining Myanmar ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ခံတစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် တာဝန်ရှိသူများက အဆိုပါ သုံးထပ်ဆောင်ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှု ကြသည်။
ယင်းနောက် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ရတနာခန်းမ၌ကျင်းပရာ တန့်ယန်းခရိုင်ပညာရေးမှူး ဦးကြည်လွင်က ကျေးဇူးတင်စကားနှင့် ကျောင်းအပ်နှံရေးနေ့ကို ကြိုဆိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်က နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး ရေးအတွက် ပညာရေးသည် လွန်စွာအရေးကြီးပါကြောင်း၊ KG+12 စနစ် ပညာရေး ပြုပြင်ပြောင်းလဲမှုကို ၂၀၁၆ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ထိုသို့ပြုပြင် ပြောင်းလဲမှုနှင့်အတူ အခြေခံကျသည့် စာသင်ဆောင်၊ စာသင်ခန်းများ မဖြစ်မနေလိုအပ်လာပါကြောင်း၊ ယင်းလိုအပ်ချက်တွင်ပါဝင်သည့် အထက-မိုင်းရယ်ကျောင်း တွင် ကျောင်းဆောင် သစ်ဆောက်လုပ်ခွင့်ပြုခဲ့သည့် ပညာရေးဝန်ကြီးဌာနအား ကျေးဇူးတင်ပါကြောင်း ပြောကြား သည်။ ထို့နောက် ကျောင်းအပ်နှံရေး ရက်သတ္တပတ်အတွင်း ကျောင်းနေအ ရွယ်ကလေးများ ကျောင်းအပ်နှံနိုင်ရေးနှင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် အခမဲ့ပညာရေးစနစ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် Shining Myanmar ဆောက်လုပ်ရေးကုမ္ပဏီမှ သုံးထပ်ကျောင်းဆောင်သစ်နှင့်သက်ဆိုင်သော မှတ်တမ်းများနှင့် အထိမ်းအမှတ်အလံတို့ကို ပညာရေးဌာနမှ တာဝန်ရှိသူများ ထံ လွှဲပြောင်းပေးအပ်သည်။
၎င်းနောက် အမှတ် (၃၅၀)အမြောက်တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တင်မောင်ဝင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့်အဖွဲ့ဝင်များက အခမဲ့ ပုံနှိပ်စာအုပ်၊ အခမဲ့ ဗလာ စာအုပ်၊ အခမဲ့ ဝတ်စုံ၊ အခမဲ့ ဘောပင်နှင့် အခမဲ့ ခဲတံတို့ကို သက်ဆိုင်ရာ ပညာရေးဌာနမှ တာဝန်ရှိသူများထံ အသီးသီးပေးအပ်ခဲ့ကြသည်။
အဆိုပါ သုံးထပ်ကျောင်းဆောင်သစ်သည် (အလျား ၁၄၀ ပေ၊ အနံ ၃၀ ပေ) RCC (၃)ထပ် အမျိုးအစား၊ ၂၀၂၁-၂၀၂၂ ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်(၅၂၃ ဒသမ ၉၀၈)သန်းဖြင့် Shining Myanmar ဆောက်လုပ်လုပ်ရေးကုမ္ပဏီမှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါ ရီလ ၂၂ ရက်တွင် လုပ်ငန်းစတင်ဆောင်ရွက်ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။ သုံးထပ်ကျောင်းဆောင်သစ်တွင် စာသင်ခန်း(၁၂)ခန်း ပါရှိပြီး ကျောင်းသား/သူ စုစုပေါင်း(၃၆၀)ဦးခန့် ပညာသင်ကြားခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)