ပျဉ်းမနား မေ ၂၈
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပျဉ်းမနားမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်-၂ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားဟောင်းကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။
ပျဉ်းမနားမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးလျက်ရှိရာ ယနေ့တွင် မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်နှင့် ဝန်ထမ်းများက ပျဉ်းမနားဟောင်းကျေးရွာအုပ်စုရှိ ပြည်သူ ၄၀ ဦးအား နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခဲ့သည်။
ပျဉ်းမနားမြို့နယ်အတွင်းရှိ ပြည်သူများမှ ပန်းခင်းစီမံချက်-၂ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်လိုပါက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ချိတ်ဆက်၍ မြို့နယ်ရုံးသို့ လာရောက် ပြုလုပ်နိုင်ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)