မုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ

 

ဟိုပန်     မေလ     ၂၈

မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လည် ၂ နာရီအချိန်က “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ ရှေ့တန်းအမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေး ကွပ်ကဲရေးမှူးဗိုလ်မှူးကြီး မင်းမောင်၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်း/ ခရိုင်/ မြို့နယ်ဌာန ဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ စေတနာရှင်အလှူရှင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဥက္ကဋ္ဌ ဦးညီနပ်က မေလ ၁၄ ရက်နေ့တွင် မိုခါဆိုက်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်တွင် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပါကြောင်း၊ မုန်းတိုင်းဒဏ်သင့် ပြည်သူများအနေဖြင့် အကူအညီများစွာ လိုအပ်လျက်ရှိရာ နိုင်ငံတော်အစိုးရနှင့်အတူ စေတနာရှင်ပြည်သူများကလည်း ဝိုင်းဝန်း လှူဒါန်းပေးလျက်ရှိပါကြောင်း၊ အလားတူ မိမိတို့ “ဝ”တိုင်းအနေဖြင့်လည်း မုန်တိုင်းဒဏ်သင့် ပြည်သူများကို လှူဒါန်းလို၍ ဖိတ်ခေါ်ရခြင်းဖြစ်ပါကြောင်း၊ ယနေ့တွင် ပါဝင်လှူဒါန်းပေးသည့်လုပ်ငန်းရှင် များ၊ ကုမ္ပဏီများ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် အလှူရှင်များက မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ အလှူရှင်(၆၃)ဦးက ငွေကျပ်သိန်း(၅၀၀)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီက ငွေကျပ် သိန်း (၁၀၀)၊ စုစုပေါင်း ငွေကျပ် သိန်း(၆၀၀)လက်ခံရရှိခဲ့ကြောင်းနှင့် ဥက္ကဋ္ဌ ဦးညီနပ်နှင့်တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 ခရိုင်ပြန်/ဆက်