တောင်ကြီး မေ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ အစည်းအဝေးခန်းမတွင် စာရေးဆရာမ ငွေခြည်လင်းလက်(မြန်မာစာ)၏ အတွေးစာစီကဗျာပန်းချီစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်ရွှေရွှေမြင့်က စာဖတ်ဝိုင်းပြုလုပ်ရသည့်ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) မှ စာပေပညာရှင်၊ ဝါသနာရှင်များက စာရေးဆရာမ ငွေခြည်လင်းလက်(မြန်မာစာ)၏ အတွေးစာစီကဗျာပန်းချီစာအုပ်တွင်ပါရှိသော အတွေးရသ၊ သုတကဗျာများကို ဖတ်ကြားဆွေးနွေးကြသည်။
ထို့နောက် စာရေးဆရာမ ငွေခြည်လင်းလက်(မြန်မာစာ)က အတွေးစာစီကဗျာပန်းချီစာအုပ် ရေးသားခဲ့သည့် အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းနှင့် စာဖတ်ဝိုင်းများကို အပတ်စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်နိုင်လင်း (ပြန်/ ဆက်)