ပခုက္ကူခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းသား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ ကျင်းပ

ပခုက္ကူ မေ ၃၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းသား၊ သမီးများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို မေလ ၃၀ ရက် နံနက်၈နာရီခွဲအချိန်က အဆိုပါဦးစီးဌာနရုံး၊ မြဧရာ(၁)ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူတစ်ဦးလျှင် ပညာသင်ထောက်ပံ့ကြေးငွေကျပ်သုံးသောင်းနှင့် ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်၊ ခဲတံများကိုလည်းကောင်း၊ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူတစ်ဦးလျှင် ပညာသင်ထောက်ပံ့ကြေးငွေကျပ် နှစ်သောင်းနှင့်ကျောင်း ဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်၊ ခဲတံများကိုလည်းကောင်း၊ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူတစ်ဦးလျှင် ပညာသင်ထောက်ပံ့ကြေးငွေကျပ် တစ်သောင်းနှင့် ကျောင်းဝတ်စုံ၊ကျောင်းသုံးဗလာ စာအုပ်၊ခဲတံများကိုလည်းကောင်း စုစုပေါင်းဝန်ထမ်းသား၊ သမီး(၆၈)ဦးကို အသီးသီးထောက်ပံ့ပေးအပ်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)