ငပုတောမြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများကို ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးနေမှုအား တာဝန်ရှိသူများ ကြည့်ရှုအားပေး

ငပုတော  မေ    ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ KG  မှ Grade-12 ကျောင်းသား/သူများကို ငပုတောမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်း အသီးသီး၌ မိဘအုပ်ထိန်းသူများက ကျောင်းသား/သူများအား ကျောင်းအပ်နှံရေး သီတင်းပတ် ပထမရက်မှစတင်ကာ လာရောက်အပ်နှံလျက်ရှိကြရာ ယမန်နေ့ နံနက်ပိုင်းတွင် ငပုတောမြို့နယ် မြို့မစခန်းမှူး ဦးတင်မောင်၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးမင်းအောင်နှင့် တာဝန်ရှိသူများက  ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုသို့ ကျောင်းသား/သူများအား မိဘအုပ်ထိန်းသူများက အတန်းအလိုက် ကျောင်းလာရောက် အပ်နှံနေမှုအားငပုတော မြို့နယ်မြို့မစခန်းမှူး ဦးတင်မောင်၊ မြို့နယ်မီးသတ်ဦးစီးဌာမှူး ဦးမင်းအောင်နှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းသား/ သူများအတွက် သောက်ရေသုံးရေ အဆင်ပြေမှုရှိစေရေး၊ စာသင်ကျောင်းဥပဓိရုပ်ကောင်း မွန်ရေး၊ သန့်ရှင်းသန့်ရပ်မှုရှိစေရေး၊ သန့်စင်ခန်းများ စနစ်တကျ သန့်ရှင်းသန့်ရပ်စွာ ထားရှိရေးတို့ကို ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

အောင်သူ (ပြန်/ဆက်)