မက်မန်းမြို့နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

မက်မန်း မေ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ၊ ပြည်ထောင်စု/ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းများ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က အမှာစကားပြောကြား၍ မြို့နယ်စီမံကိန်းဦးစီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းနေစိုးက စီမံကိန်းလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းဆွေးနွေးကာ ကဏ္ဍအလိုက်အကောင်အထည်ဖော်ဆောင်ရွက်မည့် ဌာနများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တာဝန်များပေးအပ်ခဲ့ကြသည်။      

အခမ်းအနားသို့ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေး၊ မြို့နယ်သစ်တော၊ မြို့နယ်မြေစာရင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်လမ်းဦးစီး၊မြို့နယ်စည်ပင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပညာရေး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စသည့်ကဏ္ဍအလိုက် သက်ဆိုင်သည့်ဌာနများအပြင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးဝင်းစိုး(ခရိုင်၊ ပြန်/ဆက်)