ကျောက်မဲ မေ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကျောက်မဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ကျောက်မဲခရိုင်ပညာရေးမှူး ဆရာကြီးဦးကျော်ရွှေက ကျောင်းဖွင့်လှစ်မှု အခြေအနေများ၊ ကျောင်းအပ်လက်ခံမှုအခြေအနေများနှင့် ကျောင်းသုံးစာအုပ် ဖြန့်ချီမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦး၊ အမှတ်(၁)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ခိုင်မိုးနှင့် တာဝန်ရှိသူများက ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ဝတ်စုံများ ထောက်ပံ့ပေးအပ်ကြရာ သက်ဆိုင်ရာ ကျောင်းအုပ် ဆရာ၊ ဆရာမများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)