ပင်လောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် မြို့နယ်အဆင့်ခေတ်မီစံပြကျေးရွာ (SMART Village)စီမံကိန်းအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ပင်လောင်း မေ ၃၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် မြို့နယ်အဆင့်ခေတ်မီစံပြကျေးရွာ (SMART Village)စီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ယနေ့နံနက်ပိုင်း ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးညီညီမင်းနှင့် ဦးခွန်ကျော်မင်းထွန်းတို့က အမှာစကားပြောကြားပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် မြို့နယ်အဆင့်ခေတ်မီစံပြကျေးရွာ (SMART Village) စီမံကိန်းအကောင်အထည်ဖော်ရေး ပါဝင်ဆောင်ရွက်သွားမည့်လုပ်ငန်းများဖြစ်သည့်  ကျေးရွာအခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျန်းမာ​ရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊  စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ သင်တန်းများ၊ အိမ်တွင်းမှုလုပ်ငန်းများ ခေတ်မီစံပြကျေးရွာ (SMART Village) စီမံကိန်းစံနှုန်းနှင့်အညီဆောင်ရွက်နိုင်ရေး ပေါ့အင်ကျေးရွာအုပ်စု၊ ထီရွေးကျေးရွာမှ ကျေးရွာတာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနများအလိုက် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)