မိုးညို မေ ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အေသးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး(MSMEs)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများလုပ်ကိုင်နေသူများအား မတည်ထောက်ပံ့ငွေများ ထုတ်ချေးပေးလျက်ရှိရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့ နံနက် ၁၀ နာရီက စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ကိုင်သူများလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မိုးညိုမြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၏ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ချေးငွေ တစ်ဧကလျင် ကျပ်နှစ်သိန်းနှုန်း၊ တစ်လလျှင် အတိုးနှုန်း ၀ ဒဿမ ၅ ရာခိုင်နှုန်းဖြင့် ကျေးရွာအုပ်စု(၁၅)အုပ်စုမှ စိုက်ပျိုးရေးလုပ်ကိုင်သည့်တောင်သူ (၁၆၄)ဦး၊ စိုက်ဧက(၁၁၀၀)နှင့် မွေးမြူရေးလုပ်ကိုင်သူ အစုအဖွဲ့(၁)ဖွဲ့ တို့အတွက် ကျပ်သိန်း(၂၂၀၀)ကို ထုတ်ချေးပေးခဲ့ကြောင်း မြိုနယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီထံမှ သိရသည်။
ကိုမင်း(ပြန်/ ဆက်)