လပွတ္တာ မေ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၉နာရီအချိန်တွင် အ.ထ.က(၂) ကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို အ.ထ.က (၂) လပွတ္တာမှ ကျောင်းသားကျောင်းသူလေးများက ကျောင်းအပ်ကြပါစို့သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။ ယင်းနောက် လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးသက်လွင်က ကျောင်းအပ်နှံရေးဆိုင်ရာ အချက်အလက်များ၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်များ၊ ပညာရေးဌာန၏ ရည်မှန်းချက်နှင့် ဆောင်ရွက်နေမူများ ကိုရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်နှင့်တာဝန်ရှိသူများက နိုင်ငံတော်မှအခမဲ့ ထောက်ပံ့ပေးအပ်သော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံနှင့်ကျောင်းဝတ်စုံများကို ပေးအပ်ခဲ့ပြီးကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းသီဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
ခရိုင် (ပြန်/ဆက်)