အိမ်မဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းနှင့် အဘိတ်ဆေးများ လိုက်လံခတ်ပေး

အိမ်မဲ မေ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် အဘိတ်ဆေးများခတ်ပေးခြင်းကို ယနေ့နံနက် နာရီတွင် အိမ်မဲကြီးပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက အဖွဲ့()ဖွဲ့ခွဲ၍ အိမ်မဲကြီးပိုင်းရပ်ကွက် ()လမ်းမှ (၁၃)လမ်းအထိ အိမ်ခြေ(၂၀၀)ကျော်အား တစ်အိမ်တက်ဆင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးဟောပြောပေးခြင်း ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးများကို ခတ်ပေးခဲ့ကြောင်းသိရသည်။

ခြင်ကြားလောက်လန်းပေါက်ပွားရာ နေရာများကတော့ အဓိကရေသိုလှောင်ပစ္စည်းများ ဖြစ်တဲ့ရေစည်၊ ရေအိုး၊ ရေကန်များ၊ ဘုရားပန်းအိုး၊ နတ်ပန်အိုး၊ အလှပန်းအိုးများ၊ ရေတင်ကျန်နိုင်တဲ့ ဘူးခွံ၊ ခွက်ခွံ၊ တာယာဟောင်းများ၊ သဘာဝအလျောက် မိုးရေတင်ကျန်လေ့ရှိတဲ့ သစ်ပင်အခေါင်း၊ အုန်းလက်၊ ငှက်ပျောလက်များ၊ ခုတ်ပြီးအငုတ်ကျန်ခဲ့တဲ့ ဝါးဆစ်တွေမှ ပေါက်ပွားပါတယ်။ အခုကတော့ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်းနဲ့ အဘိတ်ဆေးများ လိုက်လံခတ်ပေးတာဖြစ်ကြောင်းနဲ့ အရင်ရက်ကလည်း အထက်ပိုင်းရပ်ကွက်မှာ ဆောင်ရွက်ပေးခဲ့ပါတယ်လို့မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးကျော်အောင် ပြောကြားချက်အရ သိရသည်။

ချစ်သက်လယ်

အိမ်မဲ (ပြန်/ဆက်)