အောင်လံမြို့နယ်၌ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ

အောင်လံ မေ ၃၀

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် သစ်တောဦးစီဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အောင်လံမြို့နယ် အင်းကုန်းကျေးရွာအနီး သီတဂူဇောတိကဝိပဿနာ တက္ကသိုလ်ဝန်းတွင် ကျင်းပခဲ့သည်။

ထိုသစ်ပင်စိုက်ပျိုးပွဲတော်သို့ အောင်လံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက် အသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကာ ကျွန်း၊  ပိတောက်၊ တမာ၊ ရေတမာ၊ ငုရွှေဝါ၊ မယ်ဇယ်၊ မာတာကွတ်၊ စိန်ပန်းနီ စုစုပေါင်းပျိုးပင် ၃၀၀  ပင်အား စနစ်တကျစုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်ဆက်)