ညောင်လေးပင် မေ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ပညာဂုဏ်ရည်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အ.ထ.က(၁)ညောင်လေးပင်မှ ကျောင်းသား၊ ကျောင်းသူများမှ မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး ညောင်လေးပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်မှအခမဲ့ဖြန့်ဝေပေးသည့် ကျောင်းသုံးပြဌာန်းစာအုပ်၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ စာရေးကိရိယာများအား အခြေခံပညာကျောင်းများ သို့ ပေးအပ်ခဲ့သည်။
ယင်းနောက် ညောင်လေးပင်ခရိုင်ပညာရေးမှူး ဦးညွန့်ဝေမှ ကျောင်းအပ်နှံရေးဆိုင်ရာ လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ရှင်းလင်းတင်ပြခဲ့ပြီး အ.ထ.က(၁)ညောင်လေးပင်မှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့သည်။
အဆိုပါ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး နှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးညွန့်ဝေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)