ရသေ့တောင် မေ ၃၀
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ မိုခါမုန်တိုင်းမှာ အားအလွန်ပြင်းသဖြင့် ထိခိုက်ပျက်စီးမှုများခဲ့ပြီး၊ မုန်တိုင်းကြောင့် မြို့ပေါ်တွင်လည်း အပျက်အစီး များခဲ့ရာ ပဲခူးတိုင်းဒေသကြီး မီးသတ်တပ်မှ ဖွဲ့ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှ လမ်းအလိုက်သစ်ပင်၊ သစ်ခတ်များ ခုတ်လှဲဖယ်ရှားခြင်းများဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ကြပြီး ကျန်ရှိခဲ့သည့် အမှိုက်သရိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်မအေးသန်း ဦးဆောင်၍ စည်ပင်ဝန်ထမ်းများမှ အမှိုက်များအားစနစ်တကျ ကားကြီးများဖြင့် ဖယ်ရှားဆောင်ရွက်ခဲ့ကြရာ ယနေ့နံနက်ပိုင်းက အိုးအိမ်ဝန်ထမ်းအိမ်ရာနှင့် လမ်းတစ်လျှောက် အမှိုက်သရိုက်များအားbackhoe အသုံးပြု၍ သိမ်းဆည်းဆောင်ရွက်ခဲ့ကြသည်။
ရသေ့တောင်မြို့၌ မိုခါမုန်တိုင်းမှာ အားအလွန်ပြင်းပြီး ထိခိုက်ပျက်စီးမှုများခဲ့သဖြင့် တစ်မြို့နယ်လုံးနီးပါး ထိခိုက်ပျက်စီးခဲ့ရာ ထိခိုက်ပျက်စီးသည့် အမှိုက်သရိုက်များအား မြို့နယ် စည်ပင်မှ နေ့စဥ်လိုက်လံသိမ်းဆည်းခြင်း၊ သတ်မှတ်နေရာ၌ စွန့်ပစ်ခြင်း၊ မီးရှို့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)