ဗဟန်း မေ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ယနေ့နံနက် ၇ နာရီက အရှေ့ရွှေဂုံတိုင်ရပ်ကွက်၊ SSC ဆေးရုံရှေ့၌ ရပ်ကွက်နေပြည်သူများကို ဆီ၊ ကြက်ဥများအား ညွှန်ကြားချက်များနှင့်အညီ ရောင်းချခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် စားအုန်းဆီ ၁ ပိဿာလျှင် ၅၀၀၀ကျပ်၊ ကြက်ဥတစ်လုံး လျှင် ၂၀၀ကျပ် ဖြင့် လူတစ်ဦးလျှင် ဆီ(၁)ပိသာ၊ ကြက်ဥ(၁၀)လုံးတို့အား ရပ်ကွက်အတွင်းရှိ ပြည်သူများအား ရောင်းချ ပေးခဲ့သည်။
အဆိုပါရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စန္ဒာမိုး