သိန္နီ မေ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် လူမှုစီးပွားရေးနယ်ပယ်အသီးသီးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက အဖွင့်မှာစကားပြောကြားခဲ့သည်။ ထို့နောက် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်း အစီအစဉ်အား ဆက်လက်ဆောင်ရွက်ရာ လယ်ယာကဏ္ဍကြီးအား လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ သားငါးကဏ္ဍကြီးအား မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေအား ကျေးလက်/လမ်းဦးစီးဌာန စသည်ဖြင့် သက်ဆိုင်ရာဌာနများအား အသီးသီးတာဝန်ပေးအပ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံကိန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယင်းမာက မိမိတို့ဌာနအနေဖြင့် ထုတ်လုပ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ကုန်သွယ်မှုကဏ္ဍ စသည့်ကဏ္ဍကြီးများအလိုက် ဆောင်ရွက်ခဲ့သည့် တိုးတက်မှု၊ လျော့နည်းမှုအခြေအနေများ၊ နောင်ဆောင်ရွက်မည့် အစီအမံများနှင့် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများအား ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)