သိန္နီ မေ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ် ခမ်းတိမ်းကျေးရွာအုပ်စု ကောင်းလန်းကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် နွေစပါးများကို စိုက်ပျိုးလျက်ရှိရာ ယမန်နေ့ညနေပိုင်းအချိန်က စိုက်ခင်းများသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ ဦးနေလင်းထွန်းနှင့် ကော်မတီဝင်များက ကွင်းဆင်း၍ စစ်ဆေးခြင်းဖြစ်သည်။ အဆိုပါ စပါးစိုက်ခင်းများသည် ရွှေပိန္နဲ၊ မောက်ကွမ်းခမ်းနှင့် လော့ဆီငင်း စိုက်ပျိုးရေး အစုဖွဲ့၏ ပထမအကြိမ် နိုင်ငံစီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ယခုအခါရိတ်သိမ်းခြင်း၊ ခြွေလှေ့ခြင်း၊ အခြောက်ခံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ သိန္နီမြို့နယ်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထောက်ပံ့မှုဖြင့် စိုက်ပျိုးရေးတောင်သူများအား စိုက်ပျိုးရေးစရိတ် ချေးငွေများထုတ်ချေးပေးလျက်ရှိရာ နွေစပါး၊ ကြက်သွန်ဖြူ၊ အစေ့ထုတ်ပြောင်း၊ ပဲပုပ်၊ ကြက်သွန်ဖြူများ စိုက်ပျိုးလျက်ရှိကြောင်း၊ တောင်သူ(၆၉)ဦး၏ စိုက်ဧက ၁၇၄.၆၄ ဧကအတွက် ငွေကျပ် ၅၂ သန်းအား ထုတ်ချေးပေးပြီးဖြစ်ကြောင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)