ရွှေကူမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ရွှေကူ မေ ၃၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီခန့်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဂုဏ်ရည်ခန်းမ၌ ကျင်းပရာ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာ‌ရေးမှူး၊ ဒုတိယမြို့နယ်ပညာ‌ရေးမှူး၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အ.ထ.က(၁) ကျောင်းသား/သူများမှ “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းက လမ်းညွှန်အမှာစကား ပြောြကားခဲ့သည်။ ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဝင်းမင်းက ကျောင်းနေအရွယ်ကလေးငယ်တိုင်း အခြေခံပညာ သင်ယူခွင့်ရရှိစေရန်၊ ကျောင်းအပ်နှံရေးအခွင့်အလမ်းများ ရရှိပြီးကျောင်းတက်၊ ကျောင်းနေနှုန်း မြင့်မားလာစေရန်နှင့် အခမဲ့ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည် ဖော်ဆောင်ရွက်ရေး ရည်ရွယ်ချက်ဖြင့် ကျောင်းအပ်နှံရေးသီတင်းပတ်ကို ဆောင်ရွက်ရခြင်းဖြစ် ကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံ‌ရေးဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ အခြေခံ ကျောင်းပေါင်း (၄၃)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၁)ကျောင်းတို့တွင် မေလ (၂၃) ရက်နေ့မှ (၃၀) ရက်နေ့အထိ ကျောင်းသားကျောင်းသူပေါင်း (၁၀၁၅၉) ဦးကို မိဘအုပ်ထိန်းသူများ ကိုယ်တိုင် ကျောင်းအသီးသီး၌ လာရောက်အပ်နှံခဲ့ပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျောင်းသား ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ KG မှ Grade-5 မူလတန်း အဆင့် ကျောင်းသား/ကျောင်းသူများကို ကျောင်းဝတ်စုံ(၁)စုံ၊ ဗလာစာအုပ်(၁)ဒါဇင်၊ ခဲတံနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ Grade-6 မှ Grade-12  အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား/သူများကို ဗလာစာအုပ်နှင့် ကျောင်းသုံးပုံနှိပ်များကို အခမဲ့ပေးအပ်ခဲ့ကြကြောင်း သိရှိရ သည်။

မြို့နယ်(ပြန်/ဆက်)