ဖျာပုံမြို့နယ်တွင် ပန်းခင်းစီမံချက် (၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဖျာပုံ မေ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကွန်ဒိုင်းကျေးရွာတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူ၊ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေး နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က အဆိုပါ​ကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ပေးခဲ့သည်။

ထိုသို့ ပန်းခင်းစီမံချက် (၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ် လက်ထောက်လဝကမှူး ဦးဇင်အောင်နှင့် ဝန်ထမ်းများက ကွန်ဒိုင်းကျေးရွာအတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ ပြည်သူများအား အသက် (၁၀) နှစ်ပြည့်ပြီးသူနှင့် အသက် (၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး၊ မြို့နယ်အတွင်းရပ်ကွက်/ ကျေးရွာများကိုလည်း နေ့ရက်အလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများကို ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်​ပေးလျက်ရှိကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)