ကဝ မေ ၃၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ စပါးတစ်ဧက အထွက်နှုန်းတိုးတက်စေရေး ကြဲခင်းစနစ်မှ တိုက်ရိုက်အစေ့ချ စိုက်ပျိုးနိုင်ရန် လယ်ယာသုံးစပါးမျိုးစေ့ချ ကိရိယာ (Drum Seeder)ပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်စက်မှုလယ်ယာရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက တိုက်ရိုက်မျိုးစေ့ချ ကိရိယာ(Drum Seeder)၏ စွမ်းဆောင်ချက်၊ အားသာချက်များကို တောင်သူများအား ရှင်းလင်းပြောကြားကာ တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder) အလက် (၃၇)လက်ဝယ်ယူသည့် တောင်သူတစ်ဦးချင်းစီ၏ လက်ဝယ်သို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်စိုက်ကြပ်ဌာနများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စိုက်ကြပ်ဌာနများမှ တောင်သူများအား လွှဲပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ မျိုးစေ့ချ ကိရိယာဖြင့် အုန်းနှဲကျေးရွာ၊ တောင်သူ ဦးမင်းသိန်း၏ လယ်ယာမြေတွင် (Drum Seeder)ဖြင့် မိုးစပါး တိုက်ရိုက်အစေ့ချ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)