ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ

လှိုင် ဇွန် ၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့နံနက် (၉) နာရီအချိန်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) အား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) အား ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဝင်းသီတာမိုးနှင့် လှိုင်မြို့နယ်စာရေးဆရာအသင်းနာယက ဆရာဦးမင်းဆက်ပိုင်တို့က ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံ၊ အမှိုက်တွေကိုစနစ်တကျစွန့်ပစ်ဖို့၊ သစ်ပင်သစ်တောများ စိုက်ပျိုးဖိုနဲ့ရှင်သန်အောင် ထိန်းသိမ်းဖို့၊ ပိုးသတ်ဆေးတွေကို စနစ်တကျ ကိုင်တွယ်သုံးစွဲ စွန့်ပစ်ကြဖို့၊ လျှပ်စစ်မီးကို လိုအပ်သလောက် သုံးစွဲဖို့၊ ရေကို ဆုံးရှုံးမှု မဖြစ်စေရေး ချွေတာသုံးစွဲဖို့၊ ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ လူသားတွေ ဆက်လက်ရပ်တည်နိုင်ဖို့ လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)