ချမ်းအေးသာစံ မေ ၂
Silent Mentor Appreciation Ceremony ဝိဉာဥ်မဲ့ မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ဇွန်လ ၂ ရက်နေ့ မွန်းလွဲတစ်နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ ဆေးတက္ကသိုလ်(မန္တလေး)၏ ဇီဝက(မန်းရတနာပုံ)ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ A short documentary for silent mentor programmee ဗွီဒီယိုကို ပြသပြီး တက်ရောက်လာကြသူများက ဝိဉာဉ်မဲ့မြတ်ဆရာများအား ဂါဝရပြုသောအားဖြင့် တစ်မိနစ်ခန့်ငြိမ်သက်၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။ထို့နောက် ခန္ဒာဗေဒဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာမောင်မောင်လတ်နှင့် ဥပဒေရေးရာဆေးပညာဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာချမ်းမြေ့သိန်းတို့က အမှာစကားပြောကြားပြီး ကျောင်းသား/ကျောင်းသူများကိုယ်စား ကျောင်းသား မောင်မြတ်ဘုန်းနိုင်က ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ A letter to silent mentor (အသံတိတ် မြတ်ဆရာသို့ ပေးစာ) ကို ဖတ်ကြားပြီး Theme song ဖြင့်ဖျော်ဖြေကြသည်။
ထို့နောက် အသံတိတ်မြတ်ဆရာများအား ပန်းဂါဝရပြုခြင်းကို ပြူလုပ်ကြပြီး ခန္ဓာကိုယ်အလှူရှင်မိသားစုဝင်များအား ဆေးတက္ကသိုလ်(မန္တလေး) ၅/၂၀၂၃ _ Medical Year -1 မှ ကျောင်းသား/ကျောင်းသူများ က ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ကြသည်။
အခမ်းအနားသို့ ဆေးတက္ကသိုလ်(မန္တလေး)ပါမောက္ခချုပ် ဒေါက်တာမျိုးသက်တင်နှင့် ဆေးနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ၅/၂၀၃၃ Medical year-1 မှ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြကြောင်းသိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)