ညောင်ဦးခရိုင်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသားကျောင်းသူ ၆၅၂၃၁ ဦး ပညာသင်ကြား

ညောင်ဦး  ဇွန်  ၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား မေ ၂၃ နံနက်  ၉ နာရီအချိန်မှစတင်ပြီး ကျောင်းအပ် လက်ခံလျက်ရှိရာ ကျောင်းအပ်လာသူ ကျောင်းသား/သူများများပြားလျှက်ရှိပြီး ဇွန် ၁ ရက်နေ့ထိကျောင်းသား ကျောင်းသူ (၆၅၂၃၁)ဦးလာရောက်အပ်နှံထားရှိပြီး စိတ်အေးချမ်းသာစွာပညာသင်ကြားလျက်ရှိကြောင်း ညောင်ဦးခရိုင်၊ခရိုင်ပညာရေးမှူး ဒေါ်မိမိ အောင်ထံကသိရသည်။

ကျောင်းအပ်လာသည့် ကျောင်းသားကျောင်းသူများအား သက်ဆိုင်ရာအတန်းအလိုက် ဆရာ၊ ဆရာမများက စနစ်တကျကျောင်းအပ်လက်ခံပေးခဲ့ပြီး  KG တန်းမှ Grade -12 အထိ ကျောင်းသား၊ ကျောင်းသူများကို ပညာရေးဝန်ကြီးဌာန၏လမ်း ညွှန်ချက်နှင့်အညီ ကျောင်းဝတ်စုံ၊ ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့်ဘောပင်များ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

ညောင်ဦးခရိုင်၌ ကျောင်းသားကျောင်းသူများလက်ခံလျက်ရှိသည့် ဇွန် ၁ ရက်နေ့ထိ ညောင်ဦး ခရိုင်၌ အခြေခံပညာမူလတန်းကျောင်း KG တန်းမှ G-5  (၄၆၅၃၈)ဦး ၊ အခြေခံပညာအလယ် တန်းကျောင်း Grade -6 မှ Grade -9 ထိ (၁၄၁၂၇)ဦး၊ အခြေခံပညာအလယ်တန်းကျောင်း Grade -6  မှ Grade -9 ထိ (၇၀၄၈)ဦး၊ Grade -10 မှ Grade -12 ထိ၊ ကျောင်းသားကျောင်းသူ (၄၅၆၆) ဦး လာရောက်အပ်နှံခဲ့ကာ၊ ညောင်ဦးခရိုင်၌ ကျောင်းသားကျောင်းသူ (၆၅၂၃၁)ဦး လာရောက်အပ်ထားရှိပြီးကျောင်းသားကျောင်းသူများစိတ်အေးချမ်းသာစွာ ပညာသင်ကြား လျက်ရှိကြောင်းသိရသည်။

ဒီပါလင်း