ဟုမ္မလင်း ဇွန် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ဇွန်လ(၁)ရက် နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ရာ တက်ရောက်သည့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၄၂၉၇၄)ဦးရှိပြီး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ(၃၀၉၉၆)ဦး၊ အခြေခံအလယ်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ (၉၀၈၆)ဦး၊ အခြေခံပညာ အထက်တန်းကျောင်များ၌ ကျောင်းသား၊ ကျောင်းသူ(၂၈၉၂)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၄၂၉၇၄)ဦး အေးချမ်းစွာ တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)