လပွတ္တာ ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၌ ယနေ့နံနက် ၁၀ နာရီအချိန်က မောင်းဒီး ကျေးရွာအုပ်စုရှိ အခြေခံပညာမူလတန်းကျောင်း(ဂေါင်းတို)တွင် ကျောင်းဆောင်သစ်အလျား (၆၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၁၅)ပေ၊ ၁ ထပ် အဆောက်ဦကျောင်းဆောင် သစ်ဖွင့်ပွဲအခမ်းအနားကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ၊ စုစုပေါင်းအင်အား(၁၅၀) ဦးခန့်တက်ရောက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောင်းဆောင် သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ကျောင်းဆောင်သစ်သည်လပွတ္တာမြို့နေ အလှူရှင်ဦးမြတ်သူ+ဒေါ်မေရီသန်းထွန်း( တော်ဝင်ဆီဆိုင်)မိသားစုကဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး (KG)တန်းမှ (Grade-5) တန်းထိ ကျောင်းသား၊ ကျောင်းသူ(၅၂)ဦး တက်ရောက်ပညာသင်ကြားမည့်ကျောင်းဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်